သုတေသနနည်းစနစ်များ [ဒေါက်တာစိုးဝင်း(စာရင်းအင်းပညာ)]

ဒေါက်တာစိုးဝင်း(စာရင်းအင်းပညာ)

သုတေသနနည်းစနစ်များ [ဒေါက်တာစိုးဝင်း(စာရင်းအင်းပညာ)]

32000 MMK
Out of stock
Publisher
ISBN
Pages
323
Wishlist View cart

ဤစာအုပ်တွင် အခန်းပေါင်း ၁၆ ခန်း ပါဝင်ပြီး

အခန်း(၁)တွင် သုတေသန၏အဓိပ္ပာယ်နှင့် လုပ်ငန်းစဉ်တို့အပါအဝင် သုတေသန၏အခြေခံသဘောတရားများကို မိတ်ဆက်ထားပါသည်။


အခန်း(၂)သည် သုတေသနပြဿနာအမျိုးအစားများကို သိရှိနားလည်ပြီး သုတေသနပြဿနာများကို စနစ်တကျဖော်ထုတ်တတ်စေရန် ရည်ရွယ်၍ ရှင်းပြထားပါသည်။


အခန်း(၃) သည် သုတေသနဒီဇိုင်းအကြောင်းကို ရှင်းလင်းတင်ပြထားပါသည်။


အခန်း(၄) နှင့် (၅) သည် ဦးရေ (population) ကို ကိုယ်စားပြုသည့် နမူနာ အချက်အလက်များ (sample data) အား စနစ်တ ကျကောက်ယူတတ်စေရန်အတွက် နမူကောက်ဒီဇိုင်းများနှင့် နမူနာအရွယ် သတ်မှတ်နည်းလမ်း များကို အသီးသီးစုစည်းတင်ပြထားပါသည်။ အချက်အလက်များအား မှန်ကန်မြန်ဆန်စွာ ရရှိရေးအတွက် အချက်အလက်စုဆောင်းသည့် နည်းလမ်းများကိုလည်း အခန်း(၆) တွင် ရှင်းပြထားပါသည်။


သုတေသနကိန်းရှင်များအကြောင်းနှင့် တိုင်းတာသည့်စကေးများအား အခန်း(၇)တွင် ရှင်းပြထား ပါသည်။


လိုအပ်သောတွက်ချက်မှုများအတွက် လွယ်ကူစွာတွက်ချက် အဖြေထုတ်နိုင်ရန်အတွက် R and RStudio နှင့် SPSS တို့၏ အခြေခံသဘောတရားများကို အခန်း(၈) နှင့် (၉) တို့တွင် အသီးသီးဖော်ပြထားပါသည်။


သုတေသနအစီရင်ခံစာရေးသားရာတွင် လိုအပ်သည့် ဇယားအမျိုးမျိုးတည်ဆောက်ပုံက အခန်း(၁၀)တွင် တင်ပြထားပါသည်။


အခန်း(၁၁)သည် သရုပ်ဖော်စာရင်းအင်းပညာကို သီအို- သဘောတရားမှစ၍ လွယ်ကူစွာတွက်ချက်ပြီး ဝေဖန်သုံးသပ်နိုင်စေရေး ရှင်းပြထားပါသည်။


ထို့အပြင် နမူနာအချက်အလက်များကို အခြေပြု၍ ခန့်မှန်းတွက်ချက်နည်း အမျိုးမျိုးက အခန်း(၁၂) တွင်လည်းကောင်း၊ ယူဆချက်အမျိုးမျိုးပေါ်မူတည်၍ မှန်ကန်သော ဆုံးဖြတ်ချက်မှာ ချနိုင်စေရေး သိရှိနားလည်စေရန်အတွက် အဆိုများစစ်ဆေးခြင်းကို အခန်း(၁၃) တွင် လည်းကောင်း ဖော်ပြထားပါသည်။


ဆက်စပ်မှုအတိုင်းအတာ အမျိုးအမျိုးကို အခန်း(၁၄) တွင် ရှင်းပြထားပါသည်။


အခန်း(၁၅)သည် ကိန်းရှင်အချင်းချင်း ဆက်သွယ်မှုများကိုဖော်ပြသ မျဉ်းဖြောင့်ဆက်သွယ်မှုပုံစံများနှင့်အတူ လက်တွေ့တွက်ချက်မှု များကို ဖော်ပြထားပါသည်။


အခန်း(၁၆) သည် သုတေသနနည်းစနစ်၏ နောက်ဆုံးအပိုင်း ဖြစ်သည့် သုတေသနအစီရင်ခံ ရေးသားခြင်းတွင် ပါဝင်သင့်သည့် အစိတ်အပိုင်းများကိုဖော်ပြ၍ ရှင်းပြထားပါသည်။


သုတေသနပြုလုပ်လိုသူများ လက်တွေ့လူမှုဘဝနှင့်ဆက်စပ်နေသော လူသားအကို သုတေသနပြဿနာများကို ရှာဖွေဖော်ထုတ်၍ စနစ်တကျလေ့လာဆန်းစစ်ပြီး မှန်ကန်သော ခိုင်လုံသော၊ တိကျသော၊ သုတေသနရလဒ်ကောင်းများ ထွက်ပေါ်ရန်အတွက် ဤသုတေ သနနည်းစနစ်စာအုပ်က များစွာအထောက်အကူပြုမည်ဟု ယုံကြည်မျှော်လင့်မိပါသည်။

(စာရေးသူ၏အမှာစာမှကောက်နှုက်ဖော်ပြသည်)

==========

သုတေသနနည်းစနစ်များ

~~~~~~~~~~~~£

စာရေးသူ–ဒေါက်တာစိုးဝင်း(စာရင်းအင်းပညာ)

စာမျက်နှာ–323

Reviews

Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.